ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆက်လက်ထိုးနှံပေးသွားမည်

ခင်ဦး၊ ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် () နေရာခွဲပြီး ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ဩဂုတ်လ ၁၄ ရက်နေ့ နံနက် နာရီမှ စတင်ပြီး ရပ်ကွက်၊ ကျေးရွာများရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော အသက်(၆၅) နှစ်အထက်ပုဂ္ဂိုလ်များ၊ ပရဟိတ လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ ဈေးရောင်းသူများ၊ ဆန်စက်အလုပ်သမား တို့ကို ပြည်သူ့ ဆေးရုံ(မိခင်နှင့်ကလေးကျန်းမာရေးဌာန)တွင် တစ်ဖွဲ့၊ မြကန်သာရပ်(အမက) တွင်တစ်ဖွဲ့၊ အထကတွင် နှစ်ဖွဲ့ စုစုပေါင်း လေးဖွဲ့ခွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)