ဒီပဲယင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်ကွက် (၅၉၅)ဧက စိုက်ပျိုးပြီးစီး

 ဒီပဲယင်း ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် မိုးစပါးမျိုးစေ့ထုတ် လျာထားဧက (၁၄၂၀) ဧက လျာထားပြီး (၅၉၅) ဧကစိုက်ပျိုးပြီးစီးကြောင်း ဒီပဲယင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာ မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းထံမှ သိရသည်။

ယခုနှစ် မိုးရာသီတွင် ဒီပဲယင်းမြို့နယ်အတွင်း ရွှေဘိုပေါ်ဆန်း(၁၁၇၀)ဧကနှင့် ဧရာမင်း(၂၅၀)ဧက စုစုပေါင်း(၁၄၂၀)ဧက Seed Grower Cooperative( SGC) (၄၂)ဧက Seed Grower Association (SGA) (၉၅၅)ဧက အကျိုးဆောင်တောင်သူ (၄၀၀)ဧကနှင့် Contract Farming (၂၃)ဧကကို ကျေးရွာပေါင်း (၄၁)ရွာ တောင်သူ (၂၄၆)ဦးဖြင့် မျိုးစေ့ထုတ် စိုက်ပျိုးသွားမည်ဖြစ်ပါသည်။

မိုးစပါးမျိုးစေ့ထုတ်ကွက်များကို ဇူလှိုင်လ တတိယပတ်မှ စတင်စိုက်ပျိုးခဲ့ပြီး ယနေ့ထိ ဧရာမင်း (၂၅၀)ဧကနှင့် ရွှေဘိုပေါ်ဆန်း (၃၄၅)ဧက စုစုပေါင်း (၅၉၅)ဧက စိုက်ပျိုးပြီးစီးကြောင်းသိရပါသည်။

ဒီပဲယင်းမြို့နယ်အတွင်း အရည်အသွေးနှင့် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ လွယ်လွင့်တကူ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ ဌာနပိုင်ခြံ စိုက်ကွင်း ပုဂ္ဂလိကကုမ္ပဏီ များနှင့်ချိတ်ဆက်၍ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း မျိုးစေ့ထုတ်နည်းပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းထံမှ သိရှိရသည်။

မြို့နယ်ပြန်/ဆက်