ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် Oxygen Concentrator (၁၉) လုံးဖြင့် လူနာများ အောက်ဆီဂျင် လုံလောက်စွာရရှိ

ခင်ဦး ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံတွင် ဩဂုတ်လ ၁၃ ရက်နေ့က RDT Test Kit ဖြင့် ကိုဗစ်-၁၉ သံသယရှိသူ (၁၀၆) ဦးကို အခမဲ့စစ်ဆေးပေးခဲ့ရာ အတည်ပြုလူနာ (၂၅) ဦး ထပ်မံတွေ့ ရှိကြောင်း မြို့နယ်ကုသရေးဦးစီးဌာနက သိရသည်။

ခင်ဦးမြို့နယ်တွင် ဇွန်လပိုင်းကစ၍ ကိုဗစ်-၁၉ သံသယရှိသူ (၂၀၆၀) ဦးကို စစ်ဆေးပေးခဲ့ရာ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း (၇၀၃)ဦးထိ ရှိပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်၌ မြို့နယ်၌ ဆေးရုံ တက်ရောက် ကုသမှုခံယူနေသူ (၂၀၅) ဦးရှိပြီး အောက်ဆီဂျင်ပေးထားရတဲ့ လူနာ (၁၄) ဦး ရှိကြောင်း၊ တတိယလှိုင်း ကာလအတွင်း ယနေ့အထိ ဆေးရုံတွင် သေဆုံးခဲ့သည့် ပိုးတွေ့လူနာ စုစုပေါင်း (၁၄) ဦးရှိကြောင်း မြို့နယ် ကုသရေးဦးစီးမှူး ဒေါက်တာစန်းယုကို ကပြောကြားသည်။

အောက်ဆီဂျင်ရရှိမှု အနေနဲ့ကတော့ Oxygen Concentrator အရေအတွက်အနေဖြင့် ပြည်သူ့ဆေးရုံမှာ မူလရှိ () လုံး၊ မြတ်သီရိ လူမှုကူညီရေးအသင်းက လှူဒါန်း () လုံး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပံ့ပိုးတာ () လုံး စုစုပေါင်း (၁၉) လုံး ရှိတဲ့အတွက် လုံလောက်မှုရှိပြီး အောက်ဆီဂျင် လိုအပ်လျက် မရရှိသော လူနာမရှိကြောင်း၊ ပြည်သူများအနေဖြင့် အောက်ဆီဂျင် (၉၂)အောက်ကျသည်နှင့် ဆေးရုံကို ချက်ချင်းတက်ရောက်ကုသရန် လိုအပ်ကြောင်း၊ အချိန်မီ တက်ရောက်သောသူများ အနေဖြင့် အသေ အပျောက် နည်းပါးကြောင်း၊ အောက်ဆီဂျင် အလွန်အမင်းကျမှသာ ရောက်လာသူများအနေဖြင့် အသက်ကယ်နိုင်မည့် အလားအလာနည်းပါးကြောင်း၊ အဆုတ်တိုက်ခိုက်ခံရသူများ အတွက် အောက်ဆီဂျင်ရှူရုံနှင့် မလုံလောက်ပဲ လိုအပ်သောဆေးဝါးများကို အချိန်ကိုက်ပေးနိုင်ရန် အရေးကြီး ကြောင်း၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို ကိုဗစ်စင်တာများတွင် ထားရှိပြီး ၎င်းတို့ထဲမှ ရောဂါလက္ခဏာ ရှိသူများကို ဆေးရုံတွင် တက်ရောက်စေပြီး ကုသပေးလျက်ရှိကြောင်း၊ ကိုဗစ်စင်တာများနှင့် အဆောင် များတွင် ကျန်းမာရေးပြသနာ တစ်စုံတစ်ရာရှိပါက အချိန်နှင့်တပြေညီ တိုက်ရိုက်ဆက်သွယ် အကြောင်း ကြားနိုင်ရန် မြို့နယ်ဆရာဝန်ကြီးရဲ့ ဖုန်းနံပါတ်ကို ကပ်ထားပေးကြောင်း၊ ယင်းသို့အကြောင်းကြားမှု များကို ချက်ချင်းတုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေါက်တာစန်းယုကို၏ ဆက်လက်ပြောကြား ချက်အရ သိရသည်။

စိုးဝေအောင်(ခင်ဦး)