ကျောက်ဆည်မြို့နယ်၌ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သာ ဆုတောင်းပြည့်မဟာ ရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိ

ကျောက်ဆည် ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ တန်းခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားတွင် အစိုးရရုံးပိတ်ရက်ဖြစ်သော ဇန်နဝါရီ(၃၀)ရက်၊ တနင်္ဂနွေနေ့၌ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားသည် ကျောက်ဆည်မြို့၏ မြောက်ဘက်(၃)မိုင်ခန့်အကွာ ရန်ကုန်-မန္တလေးကားလမ်းဘေး သင်တောင်းကျေးရွာအနီးတွင် တည်ရှိပြီး သက္ကရာဇ်(၃၉၅)ခုနှစ်တွင် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့ပြီး ရှင်အရဟံကိုယ်တော်တိုင် သိမ်သမုတ်ခဲ့ သော တန်ခိုကြီးဘုရားတစ်ဆူဖြစ်ကြောင်း သိရှိရပြီး "ဒီဆုတောင်းပြည့်မဟာရွှေသိန်တော်ဘုရားကြီးကို သက္ကရာဇ် (၂၀၀၀)ခုနှစ် လောက်ကတည်းက နှစ်လတစ်ခေါက်၊ သုံးလတစ်ခေါက် မိသားစုနဲ့ အတူ ပုံမှန်ဘုရားလာဖူးလာဖြစ်ပါတယ်။ ဘုရားဖူးလာတိုင်းလည်း မိသားစုပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေဖို့ အဓိဌာန်ကန်တော့ပွဲထိုးပြီး တိုင်တည်ဆုတေင်းမှုတွေ ပြုလုပ်ပါတယ် တောင်းတဲ့ဆုတွေလည်းအောင်မြင်လို့ အခုလို မကြာခဏ လာရောက်ဘုရားဖူးတာဖြစ် ကြောင်း" ပြင်ဦးလွင်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသည့် ဦးကျော်ထွန်းက ပြောပြသည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ မဟာရွှေသိမ်တော်ဘုရားကြီးသည် တန်းခိုးကြီးဘုရားတစ်ဆူအဖြစ် ထင်ရှားကျော်ကြားသည့် ဘုရားတစ်ဆူဖြစ်ပြီး နေ့စဉ်ဘုရားရားဖူး ပြည်သူများနှင့် စည်ကားလျက်ရှိကာ အစိုးရရုံးပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေနေ့ရက်များနှင့် နေ့ထူးနေ့ရက်များတွင် ဘုရားဖူးပြည်သူ များဖြင့် ပိုမိုစည်ကားလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)