မိုင်းပျဉ်းမြို့တွင် ဆိုင်ခန်းများ ပုံမှန်ဖွင့်လှစ်ရောင်းချရေး လိုက်လံအသိပေး

မိုင်းပျဉ်း ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့ နံနက်ပိုင်းက မိုင်းပျဉ်း မြို့မစျေးအတွင်းရှိ စျေးဆိုင်များနှင့် မြို့တွင်းရှိ ဆိုင်ခမ်းများအား ပုံမှန်ဖွင့်လှစ်ရောင်းချရေးအတွက် လိုက်လံအသိပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် (Silent Strike)အသံတိတ်သပိတ်တွင် ပါဝင်ပတ်သက်မှုမရှိစေရေးနှင့် နိုင် ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် အဖျက်အမှောင့် လုပ်ငန်းများအား အားပေး သော အနေဖြင့် စျေးဆိုင်များပိတ်ထားခြင်း၊ သံပုံးတီးခြင်း၊ လက်ခုပ်တီးခြင်း၊ ကားဟွန်းတီးခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းမပြုရန်နှင့် စျေးဆိုင်ခမ်းများ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များနှင့် ကုန်စုံဆိုင်များစသည်တို့ကို ပုံမှန်ဖွင့်လှစ်ရောင်းချရန် အသိပေးဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပေးခြင်းကို မိုင်းပျဉ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင် သာယာရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ခင်သန္တာအောင်(ပြန်/ဆက်)