ရေး ဇန်နဝါရီ ၃၀
မွန်ပြည်နယ် ရေးမြို့နယ်တွင်အသက် ၈၅ နှစ်အထက် ဘိုးဘွား ၁၂၁၁ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်ဦးနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ယနေ့နံနက် ၁၁ နာရီက ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းသည် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ပထမ ၃ လပတ်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ၁ လလျှင် ငွေကျပ်၁၀၀၀၀နှုန်းဖြင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ စက်တင်ဘာ ၃လအတွက် တစ်ဦးလျှင် ၃၀၀၀၀ကျပ်နှုန်းဖြင့် ၁၂၁၁ ဦးအတွက် စုစုပေါင်း ငွေကျပ် ၃၆၃၃၀၀၀၀ တိတိကို ဘိုးဘွားများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)