ငဖဲ ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဝန်ကြီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင် ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ငဖဲမြို့ အခြေခံပညာ အထက်တန်း ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနရုံးမှ ဒုလဝကမှူး ဦးအောင်ကိုလတ်က ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လူမှု ဘဝဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ဆောင်ရွက်ပေးနေမှုများ၊ အိမ်ထောင်စုလူဦး ရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ မူလဒေသတွင် အိမ်ထောင်စုလူဦး ရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ပျောက်ဆုံး/ ပျက်စီးမှုမဖြစ် ပေါ်စေရေးစနစ်တကျကိုင် တွယ်အသုံးပြုရန် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ပြောကြားပြီး လိုအပ်သော အထောက်အထားများ စိစစ်ရယူကာ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ငဖဲမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနရုံးမှ ဒုလဝကမှူး ဦးအောင်ကိုလတ်နှင့် ဝန်ထမ်းများက ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား (၄၇)ဦးနှင့် ကျောင်းသူ (၂၅) ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၂)ကတ် ကို ကျောင်းအုပ်ဆရာမကြီးအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မယု (ငဖဲ)