ကျွန်းစု ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (TSDP)အစီအစဉ်အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျင်းပရာတွင် မီတာ(၁၀၀)/(၄၀၀)အပြေးပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ အလျားခုန်ပြိုင်ပွဲတို့တွင် အထက(ကျွန်းစု)၊ အထက(ကတ္တလူ)၊ အထက(ကတန်)၊ စသည့် မြို့နယ်အတွင်းရှိ ကျောင်းများအသီးသီးမှ ကျောင်းသား/သူများ ဝင်ရောင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုနောက် မိုးလံလေလုံအားကစားခန်းမ၌ ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲအသီးသီးမှ ဆုရရှိသော ကျောင်းသား/သူများအား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)