ငါန်းဇွန် ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃) ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈နာရီအချိန်မှစ၍ ရွာသစ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာ၌ Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက် ပေးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလှသိန်းနှင့် ဝန်ထမ်းများက ရွာသစ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားပြု လုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်၊ လဲလှယ်ခြင်းလုပ်ငန်းများကို Door to Door စနစ်ဖြင့် နေအိမ် များအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့်အတူ ပန်းခင်းစီမံချက် လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သက်နောင်ဦး(ငါန်းဇွန်)