ဝမ်းတွင်း ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်ဇော်မှ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို အကျယ်တဝန့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဦးတင်လှိုက် (စာကြည်တိုက်မှူး)မှ အပျံသင်စနှင့် လူငယ်ဝတ္တုတိုများ စာအုပ်မှ အပျံသင်စနှင့် သားဂိန်းမဆော့တော့ပါဝတ္တုမှ အသိပညာပေး အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဦးသိန်းမြင့်(စာပေချစ်သူ)မှ ဖြတ်ထိုးဉာဏ်ဝတ္တုနှင့် အဖိုးတန်ဒါနဝတ္တုမှ သိကောင်းစရာများကို ဆွေးနွေးခဲ့ပြီး ဒေါ်မြိုင် (စာပေချစ်သူ)မှ ငါတပည့် တာဝန်ကျေးပါတယ်ဝတ္တုတိုနှင့် ဂုဏ်ပြုထိုက်သူဝတ္တုတိုမှ အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့ရာ စာပေချစ်သူ၊ စာပေဝါသနာရှင်များမှ စာပေ အကြောင်းသိကောင်းစရာများကို အပြန်အလှန် ဆွေးနွေးမှု့များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်Book Club အသင်းဝင်များ၊ စာပေဝါသနာရှင် မျိုးဆက်သစ်လူငယ်များ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုနေ့ သိကောင်းစရာ စာပေများခဲဖတ်ရှု့ လေ့လာခဲ့ကြကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)
မြို့နယ်ပြန်/ဆက်