လမိုင်းမြို့တွင်(၇၅)ကြိမ်မြောက် မွန်အမျိုးသားနေ့ (စိန်ရတု) အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပွဲကျင်းပ

လမိုင်း ဇန်နဝါရီ ၃၁

မွန်ပြည်နယ်၊မော်လမြိုင်ခရိုင် လမိုင်းမြို့၊ မြို့မ ၂ ရပ်ကွက် ၊ ကျိုက်ကေလာသဘုရားကွင်းတွင်(၇၅)ကြိမ်မြောက် မွန်အမျိုးသားနေ့ (စိန်ရတု)အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပွဲ ကို ယနေ့နံနက် ၇နာရီခွဲက ပြုလုပ်ခဲ့သည်။

ထို့နောက်မြေစိုက်ပိုစတာ စိုက်ထူပွဲသို့ လမိုင်းမြို့ ၊ ရာမညနိကာယ ပရိယတ္တိကျောင်းတိုက် စာချဆရာတော် ဥူးသုဒဿနအမှူးပြုသော ကျောင်းတိုက်အသီးသီးမှ သံဃာတော် ၆ ပါး၊ မြို့မ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးထွန်း နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လမိုင်းမြို့ မွန်ဘင်ခရာအဖွဲ့ဝင်များ ၊ မွန်လူငယ်များအပါအဝင် ၁၀၀ ဦး တက်ရောက်ခဲ့ပြီး အလျား ၁၀ ပေ၊ အနံ ၈ ပေ ရှိ (၇၅)ကြိမ်မြောက် မွန်အမျိုးသားနေ့ (စိန်ရတု) အထိမ်းအမှတ် မြေစိုက်ပိုစတာအား စုပေါင်းစိုက်ထူ၍ မွန်အမျိုးသားအလံတော်အား အလေးပြုကာ သံဃာတော်များမှ မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

ဖြုဖြူအေး(ပြန်/ဆက်)