ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကျေးလက်တောရွာများအထိ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စည်းကမ်း ချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ကော့သောင်း  ဇန်နဝါရီ  ၃၁

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုလုပ်ငန်း စည်းကမ်း ချက်များနှင့်အညီ  စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်း ကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

လက်ရှိကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် အကြံပြုချက်များ နှင့်အညီ ကော့သောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များက အသက်(၁၀)ပြည့်ပြီးမိသားစုဝင်များနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ အကြောင်းအကြောင်းကြောင့် နိုင်ငံသား ကတ်ပြား ပျောက်ဆုံးပျက်စီးသူများ၊  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရန်ကျန်ရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများအား ပန်းခင်းစီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ ကော့သောင်းမြို့နယ် အတွင်း မြို့ပေါ်ရပ်ကွက်များအပြင် ကျေးလက်တောရွာများအထိ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရ သည်။

ကျော်စိုး