ငပု​တောမြို့နယ် ဟင်းအိုး​ချောင်း ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ​​ဆောင်ရွက်​ပေး

ငပု​တော   ဇန်နဝါရီ     ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊  ငပု​တောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက်  ကွင်းဆင်း​ဆောင်ရွက်ပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်း က  ငပု​တောမြို့နယ်  ဟင်းအိုး​ချောင်း ကျေးရွာအုပ်စုတွင် ကွင်းဆင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တိုက်နယ်မှူး၊ ဒု - လဝကမှူး ဦးနိုင်မိုးမြင့် နှင့်အဖွဲ့က  ဟင်းအိုး​ချောင်းကျေးရွာ အုပ်စုရှိ  အသက် (၁၈)နှစ်ပြည့်ပြီး   နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ( ၂၉ )ဦး၊ အသက်(၁၀ )နှစ်ပြည့်ပြီးနိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ( ၈၈ )ဦး၊ အသက် (၁၀)နှစ်မှအသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်သူ( ၄၇ )ဦးနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား  ပျောက်/ပျက် မိတ္တူ (၄၅ )   ဦး၊ စုစုပေါင်း (၂၀၉) ဦးတို့အား  တစ်ဦးခြင်း လက်ဝယ်အ​ရောက်ပေးအပ်ခဲ့​ပြီး မြေပြင်လူကျန်မရှိစေရေးနှင့် ပြည်သူများအတွက် လိုအပ်ချက်များအား လုပ်ထုံးလုပ်နည်းအညီ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ သိရသည်။

နုနု​အေး(ပြန်/ဆက်)