ကျိုက်လတ် ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြစန္ဒီခန်းမ၌ ယနေ့နံနက် ၁၁ နာရီက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲကျင်းပရာတွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ အထက်တန်းအဆင့်သင် ကျောင်းများမှ အထက်တန်း ကျောင်းသား၊ ကျောင်းသူ များက စိန်ရတုပြည်ထောင်စုမှသည် သွေးစည်းချစ်ကြည် အနာဂတ်ပန်းတိုင်စီသို့ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဖေဖော်ဝါရီလ ၁၂ ရက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲသို့ အခြေခံပညာ အထက်ကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်