မိုင်းရှူး ဖေဖော်ဝါရီ ၁
(၇၅)နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်စည်ပင်သာယာရေးဌာနမှဆောင်ရွက်သည့် အမှတ်(၄)ရပ်ကွက် ခန်းမလမ်းကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုင်းရှူးမြို့နယ်စည်ပင်သာယာရေး ဌာနအမှုဆောင်အရာရှိ ဦးဉာဏ်ထွန်းက လမ်းနှင့်ပတ်သက်သည့်အချက်အလက်များရှင်းလင်းပြီး မိုင်းရှူးမြို့၊ အမှတ်(၄) ရပ်ကွက်နေ ပြည်သူများ ကိုယ်စားဦးတိမာက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ အမှတ်(၁၈)စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၂)နည်းစစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့၊ စစ်ဗျူဟာ မှူးဗိုလ်မှူးကြီးဇော်ဇော်နိုင် ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလင်း ထိုက်နှင့်မြို့နယ်ရဲ တပ်ဖွဲ့မှူးရဲမှူးကြီး ဇော်နီချစ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်(၄)ခန်းမ လမ်းကွန်ကရစ်လမ်းသည် မိုင်းရှူးမြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် (Mini Budget)၊ ပထမ(၃)လပတ်တွင်ဆောင်ရွက်ခဲ့ပြီး လမ်းအရှည်(၃၂၀)ပေ၊ လမ်းအကျယ်(၁၅)ပေ၊ လမ်းထု (၆)လက်မရှိပြီး ငွေကျပ် (၉.၈)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့်ရပ်ကွက်(၄)အတွင်း နေထိုင်သည့် အိမ်ခြေ(၉၆၃)အိမ်၊ လူဦးရေ (၆၂၀၄)ဦးတို့ကို အကျိုးပြုသည့်လမ်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိဦးဉာဏ်ထွန်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)