ဘိုကလေးမြို့နယ်တွင် တပ်မတော် ထောက်ခံပွဲပြုလုပ်

ဘိုကလေး ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယနေ့နံနက်(၈)နာရီ၌ တပ်မတော် ထောက်ခံသူ ပြည်သူ(၁၀၀)ဦးခန့်က အဝေးပြေးကားဝန်းအား စုရပ်ထား၍ နတ်ချောင်းတံတားအထိ ဖျာပုံ-ဘိုကလေး ကာလမ်းမအတိုင်း ချီတက်ကာ တပ်မတော်ထောက်ခံပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ခံပွဲတွင် “လူသတ်အကြမ်းဖက် PDFကျဆုံးပါစေ၊ တိုင်းပြည်ကို ဖျက်ဆီးနေတာသည် NUG၊ အကြမ်းဖက်ထောက်ခံပါတီ NLD ဖျက်သိမ်းပစ်၊ မတရားမှု ဇာတ်သိမ်းဖို့ တပ်မတော်နှင့် လက်တွဲစို့၊ နိုင်ငံတော်ကို ကယ်တင်ရန် တပ်မတော်နှင့် အတူ ဝန်းရံ၊ အကြမ်းဖက် PDF/NUG ချုပ်ငြိမ်းဖို့ တပ်မတော်နှင့်အတူရပ်တည်စို့” အစရှိသည့် စာသားများရေးသားထားသော ဗီနိုင်းများနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံများအား ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ထောက်ခံပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)