ငရုတ်ကောင်း ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုစာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက စိန်ရတုပြည်ထောင်စုနေ့အကြို အားကစား ပြိုင်ပွဲ အခမ်းအနားတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာအုပ်၊ စာစောင်ပြပွဲကို ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်က ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ပိုမိုရရှိစေရန်၊ အသိပညာ ဗဟုသုတများ ပိုမိုတိုးပွားစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာအုပ်၊ စာစောင်ပြပွဲ ဆောင်ရွက် ခဲ့ဖြစ်ကြောင်း သိရသည်။
ပြုံးမောင်မောင်