(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးခရိုင် Community Center ခန်းမ၌ နံရံကပ်စာစောင် ဓါတ်ပုံပြပွဲနှင့် စစ်တုရင်ပြိုင်ပွဲကျင်းပ

မြောက်ဦး ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန   Community Center ခန်းမ၌ ဖေဖော်ဝါရီလ (၁၂)  ရက်နေ့တွင် ကျရောက်မည့်   (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို  ကြိုဆိုဂုဏ်ပြုသာအားဖြင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲနှင့် စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စစ်တုရင်ပြိုင်ပွဲ   ခင်းကျင်းပြသရာတွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို  ကြိုဆိုဂုဏ်ပြုသာအားဖြင့့်် မြောက်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန    Community Center ခန်းမအတွင်း၌ ကျောင်းသူ/ကျောင်းသားများ လေ့လာကြည့်ရှုနိုင်ရန် အတွက်  ပြည်ထောင်စုနေ့နှင့် ပတ်သက်သော သိမှတ်ဖွယ်ရာ ဗဟုသုတရရှိမည့် နံရံကပ်စာစောင်များကို ဝေဝေဆာဆာ ပြသထားသထားသည်။

ထို့နောက် ကျောင်းသူ/ကျောင်းသားများထဲမှ စိတ်ပါဝင်စားသူများသည် စစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး စစ်တုရင်  ပြိုင်ပွဲကစားခြင်းသည်   စဉ်းစားတွေးခေါ်နိုင်မှု၊  ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာမှုတို့ကို ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်သည်။

စစ်တုရင်ပြိုင်ပွဲသို့  ကျောင်းသား/ကျောင်းသူ(၁၅)ဦး ဝင်ရောက်ယာဉ်ပြိုင်ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများမှ  ဆုများအသီးသီးပေး အပ်ချီးမြှင့်ကြပြီး နံရံကပ်စာစောင် ဓါတ်ပုံပြပွဲများသို့ ကျောင်းသား၊ ကျောင်းသူများ လာရောက် ကြည့်ရှုကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)