ကနီ ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်း၌ ကနီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ယနေ့ နံနက် ၆ နာရီက ဆရာတော် သံဃာတော်ငါးပါးအား ဆွမ်းကပ်ခြင်း၊ လှူဖွယ်ဝတ္ထုများ လှူဒါန်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာကြားခြင်းတို့ ဆောင်ရွက်ခဲ့ရာ မ.စ.ဖ ဥက္ကဋ္ဌဦးအာင်မိုးနှင့် အဖွဲ့ဝင်များ၊ ထွေအုပ်ဝန်ထမ်းများက ဆရာတော်သံဃာတော်များအား ဆွမ်းများဆက်ကပ်ပြီး လှူဖွယ်ဝတ္ထုများ လှူဒါန်းကာအန္တရာယ်ကင်း ပရိတ်တရားတော်များ နာကြားခဲ့ကြောင်း သတင်းသိရသည်။
နှင်းစု