(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ကြာအင်းဆိပ်ကြီး ဖေဖေါ်ဝါရီ ၁

ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင်‌ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ စိုက်ပျိုးရေးလမ်းသွယ် (၁) လမ်း၌ပြုလုပ်ကျင်းပသည်။

အဆိုပါကွန်ကရစ်လမ်းအား ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ် ကရင်ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ ရန်ပုံငွေဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ပြီး လမ်းပေအရှည်(၅၄၀)ပေ၊ အကျယ်(၁၂)ပေရှိပြီး ခွင့်ပြုရန်ပုံငွေ ငွေကျပ်သိန်းပေါင်း(၅၄၀)သိန်း ကျပ်ငါးသောင်း (၅၀၀၀၀) ကျပ်ဖြင့် ကွန် ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့မှ ဆောင်ရွက်ခဲ့‌ကြောင်း တာဝန်ခံအင်ဂျင်နီးယာမှ ရှင်းလင်းပြောကြားသည်။

ထို့နောက်ကွန်ကရစ်လမ်းသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဟန်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါဖွင့်ပွဲတွင် ဌာနဆိုင်ရာ တာဝန်ရှိများနှင့် ဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ရပ်ကွက်အတွင်းရှိ မိဘပြည်သူများမှ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး