အိမ်တွင်းမှုအတတ်ပညာဖြင့် မိသားစုအပိုဝင်ငွေရရှိရေး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းပို့ချ

ရမည်းသင်း ဖေဖော်ဝါရီ  ၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woman Club အဖွဲ့တို့ပူးပေါင်း၍ အိမ်တွင်းမှုအတတ်ပညာဖြင့် မိသားစုအပိုဝင်ငွေရရှိရေး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို ယနေ့ မွန်းလွဲ ၁ နာရီက လက်တွေ့သင်တန်းပေးပြသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းနည်းပြဆရာမ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက အိမ်တွင်းမှု အတတ်ပညာဖြင့်မိသားစု အပိုငွေရရှိစေရန် အမျိုးသမီးများ အိမ်တွင်းလက်မှု လုပ်ငန်းများဖြစ်သော ဇာထိုး၊ ပန်းထိုးနှင့် ပန်းအလှထိုး ပြုလုပ်ခြင်း လုပ်ငန်းများ၊ ဆပ်ပြာဆီပြုလုပ်နည်း၊ ဆံထိုး၊ ဆံအုပ်အစရှိသည့် သင်တန်းများကို စဉ်ဆက်မပြတ် သင်ကြားပို့ချလျက်ရှိကြောင်းကို ရှင်းလင်းပြောကြားကာ  တက်ရောက်လာကြသော သင်တန်းသူများအား ဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်သည့် ပစ္စည်းများကို ရှင်းလင်းပြောကြားကာလက် တွေ့သရုပ်ပြပြုလုပ်ပြသသည်။

အဆိုပါသင်တန်းကို သင်တန်းသူ ၁၅ ဦး တက်ရောက်သင်ကြားကာ အခမဲ့သင်ကြားပြသပေးခဲ့ခြင်းဖြစ်ကြောင်း ရမည်းသင်းခရိုင်(ပြန်/ဆက် )ဦးစီးဌာနက သိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)