ကြံခင်း ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၌ မြန်မာ့တပ်မတော် ထောက်ခံပွဲကို ယနေ့နံနက်(၁၀)နာရီ(၂၅)မိနစ်အချိန်က ကြံခင်းမြို့ မြို့နယ်အားကစားကွင်းစုရပ်မှနေ၍ ဗိုလ်ချုပ်လမ်းတစ်လျှောက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားကွင်းတွင် တပ်မတော်ထောက်ခံပွဲတက်ရောက် လာသည့် ပြည်သူများမှ နိုင်ငံတော် သီချင်းအားသံပြိုင်ရွတ်ဆိုကာ နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သား ရဲဘော်အပေါင်းအား အလေးပြုခြင်း ဆောင်ရွက်ခဲ့သည်။ ထိုနောက် တပ်မတော်ထောက်ခံပွဲသို့ မြို့ပေါ် /ရပ်ကွက်များက ပြည်သူ စုစုပေါင်းအင်အား (၂၀၀)ခန့်တက်ရောက်ခဲ့ပြီး ၊(ကြွေးကြော်သံ)များဖြင့်အားကစားကွင်း စုရပ်မှ ဗိုလ်ချုပ်လမ်း တစ်လျှောက်၊ ဘုရားကြီးလမ်းနှင့် သုခမိန်လမ်းမှ မြို့နယ်အားကစားကွင်း အတွင်းသို့ ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)