သံတောင်ကြီးမြို့တွင်အသား၊ငါးနှင့်ကြက်ဥများကိုဈေနှုန်းချိုသာစွာဖြင့်ရောင်းချပေး

သံတောင်ကြီး    ဖေဖော်ဝါရီ    ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင်ဒေသခံပြည်သူများအသား၊ငါးနှင့် ကြက်ဥများကို  ဈေးနှုန်းချိုသာစွာဖြင့်  ဝယ်ယူစားသောက်နိုင်ရန်အတွက်  ဘုရင့်နောင်တပ်နယ်မှဗိုလ်မှူး ချုပ်ခင်မောင်စိုး၏ စီစဉ်ညွှန်ကြားမှုဖြင့်  ဘုရင့်နောင်တပ်နယ်မှ  တာဝန်ရှိသူများနှင့်   မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  တို့ပူးပေါင်းကာ   ယနေ့နံနက်(၁၀)နာရီအချိန်က  သံတောင်ကြီး မြို့ ရပ်ကွက် (၄)လမ်းဆုံတွင်  အသားငါးနှင့်ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် လာရောက် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ  လာရောက်ရောင်းချသည့် အသားငါးများမှာ ငါးတန်တစ်ပိဿာ(၃၇၀၀)ကျပ်၊ ငါးကြင်း တစ်ပိ ဿာ (၄၅၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာ(၃၈၀၀)ကျပ်၊ ငါးခြစ်တစ်ပိဿာ(၈၈၀၀)ကျပ်၊  တီလားဗီးယားတစ်ပိဿာ(၃၈၀၀)ကျပ်၊  ပုဇွန်တစ်ပိဿာ(၁၄၀၀၀)ကျပ်၊ငါးသလောက် တစ်ပိဿာ (၇၅၀၀) ကျပ်၊ တစ်ပိဿာရွှေငါး(၃၄၀၀)ကျပ်၊ ငါးခုံးမတစ်ပိဿာ(၃၂၀၀)ကျပ်၊ ငါးကြင်းဖြူ တစ်ပိ ဿာ(၅၈၀၀) ကျပ်၊ငါးမဲလုံးတစ်ပိဿာ (၅၀၀၀)ကျပ်၊ ပလာတူးတစ်ပိဿာ (၄၈၀၀)ကျပ်၊   ကြက်သားတစ်ပိဿာ (၆၅၀၀)ကျပ်၊   ကြက်သားစီဘီတစ်ပိဿာ (၄၃၀၀)ကျပ်နှင့်  ကြက်ဥတစ်လုံး (၁၀၀)ကျပ်နှုန်း တို့ကို ဈေးနှုန်းချိုသာစွာနှင့်  လာရောက်ရောင်းချပေးလျက်ရှိရာ   ဒေသခံပြည်သူ များက  ကိုဗစ်-၁၉ရောဂါ လမ်းညွှန်ချက်နှင့်အညီ  ဝယ်ယူလျက်ရှိကြောင်း သိရသည်။

နော်နော်မူ