ဝက်လက် ဖေဖေါ်ဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့ က အရန်မီးသတ်တပ်ဖွဲ့ဝင်များဖွဲ့စည်ရန်း ညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်ကြောင်း သိရသည်။
အရန်မီးသတ်တပ်ဖွဲ့ဝင်များဖွဲ့စည်းရန် ညှီနှိုင်းအစည်းဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်က အဖွင့်အမှာစကားပြောကြားပြီးနောက် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်နိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်နိုင်ရေး အသေးစိတ်ရှင်းလင်း ပြောကြားသည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းရန် ညှီနှိုင်းအစည်းဝေးပွဲတွင် တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များ မေးမြန်းကြာရာ မြို့နယ်မီးသတ်ဦးစီးမှူးက ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။ စိုးစိုးလှိုင် ( ဝက်လက်)