ကြို့ပင်ကောက်မြို့ ပုဏ္ဏရိပ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းဖွင့်ပွဲကျင်းပ

ကြို့ပင်ကောက် ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပုဏ္ဏရိပ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးရွာများ၏ အခြေခံလိုအပ်ချက် ဖြစ်သောလမ်း၊ မီး၊ သောက်သုံးရေ ရရှိရေးတို့မှာ အရေးကြီးကြောင်း ပုဏ္ဏရိပ်ကျေးရွာတွင် လမ်းမီး  သောက်သုံးရေ ရရှိရေးတို့မှာ ပြည့်စုံပြီဖြစ်၍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခင်က တစ်ဘက်ကပ် စက်ဘီးဆိုင်ကယ်စီးရုံသာရှိသော လမ်းဖြစ်ပြီး သွားလာရေးကားများ သွားမရကြောင်း သက်ကြီးရွယ်အိုများ သွားလာရေး အဆင်ပြေခြင်းမရှိခဲ့‌ သောကြောင့် ရွာမှစုပေါင်းပြီး သက်ဆိုင်ရာဌာနဆိုင်ရာများသို့ တင်ပြတောင်ခံခဲ့ခြင်းကြောင့် ယခုလိုကျေးရွာတွင်း မြေနီလမ်းရရှိခဲ့ကြောင်း ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကျေးရွာတွင်းလမ်းကို အလျား ၂၈၀၀ ပေ၊ အနံ ၁၂ ပေ ၊ ထု ၉ လက်မဖြင့် မြေနီလမ်းအဖြစ် ကုန်ကျစရိတ်ငွေ ကျပ်သိန်းတစ်ရာဖြင့် ဒီဇင်ဘာလ  ၅ ရက်နေ့က စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြီးမြောက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)