သထုံ ဖေဖော်ဝါရီ ၁
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့် ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၂ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်က သထုံခရိုင် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်က သင်တန်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် စွမ်းရည်ပြည့်ဝစွာဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှင်းလင်းအမှာစကားပြောကြားပြီး သင်တန်းသားအရန် မီးသတ်တပ်ဖွဲ့ဝင်များထံ တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို သထုံခရိုင်မီးသတ်တပ်ဖွဲ့မှူးရုံး၌ တစ်လကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ သင်တန်းသား အရန် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး တက်ရောက် လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်