မြဝတီ ဖေဖော်ဝါရီ ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲကို မြဝတီမြို့ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအား ထောက်ခံသူများ၊ မြန်မာ့တပ်မတော်အား ထောက်ခံ ချစ်မြတ်နိုးသူ ပြည်သူများက ပြုလုပ်ခြင်းဖြစ်ပြီး မြဝတီမြို့၊ မြစန္ဒီပန်းခြံမှ စတင်၍ အနော်ရထာစစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်းနှင့် ဘုရင့်နောင်စစ်ကြောင်းတို့မှ ဦးဆောင်ပြီး မြို့တွင်းသို့ လှည့်လည် ချီတက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ လှည့်လည် ချီတက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ NUG အား ဆန့်ကျင်ကြရေးသားထားသည့် ဗီနိုင်းများ ကိုင်ဆောင်၍ မြဝတီမြို့၊ ဘုရင့်နောင်လမ်းမကြီးအတိုင်း ချီတက်ပြီး ချစ်ကြည်ရေးတံတား(၁)၊ ဗိုလ်ချုပ်လမ်း၊ ဦးအောင်ဇေယျ လမ်းအတိုင်း ချီတက်လှည့်လည် ခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်