မြင်းခြံ ဖေဖော်ဝါရီ ၁
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ အကြို ဂုဏ်ပြုသောအားဖြင့် မြင်းခြံဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြင်းခြံဘိုးဘွားရိပ်သာဝန်းအတွင်းနှင့် အပြင်ဘက်တွင် သန့်ရှင်းသာယာလှပစေရေးအတွက် မြက်ပင်များ ရှင်းလင်းခြင်း၊ သစ်ပင်များ ခုတ်ခြင်း၊ ခြုံနွယ်များ ရှင်းလင်းခြင်းနှင့် သန့်ရှင်း ရေးများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြင်းခြံဘိုးဘွားရိပ်သာတွင် သန့်ရှင်းရေးလုပ်ရာတွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များ စုစုပေါင်း ၁၉၀ ဦးခန့်ဖြင့် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။ မြင်းခြံမြို့ သန့်ရှင်း သာယာလှပစေရေးအတွက် အပတ်စဉ် ရုံးပိတ်ရက်များတွင် သန့်ရှင်းရေးလုပ်ငန်း များ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)