ကရသူရိမြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအားSinopharm ကိုဗစ်-၁၉ရောဂါကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေး

ကရသူရိ ဖေဖော်ဝါရီ  ၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Sinopharm ကိုဗစ်-၁၉ရောဂါကွယ်ဆေးဒုတိယအကြိမ်ထိုးနှံခြင်းကို ဇန်နဝါရီ လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဟန်ကချင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

Sinopharm   ကိုဗစ်-၁၉ရောဂါကွယ်ဆေးကို အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊  ပထမအကြိမ်ထိုးနှံပြီး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသူများအား   ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးထိုးနှံခြင်း၊ ပထမအကြိမ် မထိုးနှံရသေးသူများနှင့် ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိနေသူများကိုလည်း မြို့ကျန်းမာရေး ဝန်ထမ်းများနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများက ကွင်းဆင်းဆောင်ရွက်ထိုးနှံပေးခြင်းဖြစ်ကြောင်း အဆိုပါဆောင်ရွက်ရာ၌ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ဒေသခံပြည်သူများအား လတ်တလောကူးစက်မှုပြန့်ပွားနေသည့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကိုဗစ်-၁၉ရောဂါ အကြောင်းနှင့် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ပညာပေးပြောကြားခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)