ညောင်တုန်းမြို့ပန်တိုင်ဂိတ်အနီးဧရာဝတီတိုင်းဒေသကြီးအဝင် ဆိုင်းဘုတ်မုဒ်ဦး ပြင်ဆင်ဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပန်တိုင်ဂိတ်အနီး ဧရာဝတီတိုင်းဒေသကြီး အဝင်ဆိုင်းဘုတ် မုဒ်ဦးပြင်ဆင်ဆောင်ရွက်မှုအား ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

စဉ့်ကူးမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ဆက်လက်ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး စဉ့်ကူးမြို့နယ် ၊ ကျဉ်တောက်ပေါက်ကျေးရွာရှိ ကျေးရွာဓမ္မာရုံ၌ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို၊ ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရမ္မာဝတီခန်းမတွင် ကျင်းပကြပါသည်။ ခမ်းအနားသို့ ရမ်းဗြဲမြို့နယ်၊ မြိို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရမ်းဗြဲ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ပုဏ္ဏားကျွန်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်(၄)ရပ်နှင့် အညီ ဆောင်ရွက်ထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ပုသိမ်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ ယနေ့နံနက် ၁၀နာရီက ကာယဉာဏစွမ်းရည် အားကစားပြိုင်ပွဲများ ကျင်းပသည်။

ဟိုင်းကြီးကျွန်းမြို့၊ ဖောင်တိုးကျေးရွာတွင်ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၃၉) ကတ် အားကွင်းဆင်းဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့၊ ဖောင်တိုးကျေးရွာ တွင်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်း ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို (၂၉)ရက်နေ့ မှ (၃၀) ရက်နေ့ထိ နှစ်ရက်ကြာ ဖောင်တိုးကျေးရွာ တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(၇၅)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဆေးရောင်စုံခြယ်ပြိုင်ပွဲကျင်းပပြုလုပ်

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့် ဆေးရောင်စုံ ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ခြင်းကို ဇန်နဝါရီလ(၃၁)ရက်၊ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့ ပြည်သူ့ဆေးရုံတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းကြည့်ရှုစစ်ဆေး

ကျောက်ဆည်ခရိုင် တံတားဦးမြို့ ပြည်သူ့ဆေးရုံတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းခြင်းခြင်း၊ အုတ်တံတိုင်းကာရန်ခြင်းနှင့် ကြွေပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့တို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးနှင့် မြို့နယ်ဆရာဝန်ကြီးတို့က ယနေ့မွန်းလွဲ(၁)နာရီတွင် လှည့်လည် ကြည့်ရှုစစ်ဆေး ကြကြောင်း သိရသည် ။

တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စု(၂)စုအား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁နာရီက အဆိုပါကျေးရွာတွင် ထောက်ပံ့ပေးအပ် ခဲ့သည်။
Subscribe to