ထားဝယ် ဖေဖော်ဝါရီ ၁
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Social Media အသုံးပြုနည်း သင်တန်းကို ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ က လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ သင်တန်းတွင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ယနေ့ခေတ် လူငယ် များသည် Social Media များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်ကိုတွေ့ရကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အသုံးပြုမှုများက မတူညီကြကြောင်း၊ အနောက် နိုင်ငံများတွင် Twitter, Instagram တို့ကို အသုံးများပြီး အရှေ့အာရှပိုင်းနိုင်ငံများတွင် facebook ကိုအသုံး များသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ပြည်သူ သန်း ၂၀ ကျော်သည် Social Media အား နေ့စဉ်သုံးစွဲလျက်ရှိနေပြီး နေ့စဉ်လူနေမှုဘဝ ပြောဆိုဆက်သွယ်ခြင်းများ၊ လုပ်ငန်းဆိုင်ရာ ဆက်သွယ်ခြင်းများကို Social Media မှတစ်ဆင့် ဆက်သွယ်ပြောဆိုလျက်ရှိလာသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင် facebook ကိုအလေးပေး အသုံးပြုခဲ့ကြပြီး ပညာရှင်များက အချိန်အကန့်အသတ်ဖြင့် Social Media ကိုအသုံးပြုကြရန် သတိပေးကြကြောင်း၊ Social Media များသည် ဆိုးကျိုးများရှိသလို တစ်ဖက်မှာလည်း အကျိုးကျေးဇူးများစွာရှိကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ချင့်ချိန်၍ ကိုယ်ပိုင်အတွေးအခေါ်အသိဉာဏ်များဖြင့် စဉ်စားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ခရိုင်/မြို့နယ်များရှိ အရာထမ်း၊ အမှု ထမ်းများနှင့် Social Media အသုံးပြုနည်းစနစ်များ၊ features အသုံးပြုနည်းများ၊ Privacy ထားရှိရမည့် ကိစ္စများကို လက်တွေ့ဆောင်ရွက်စေလျက် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)