ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားနိုင်ရန်အတွက် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ (၁)ရက် နေ့နံနက် ၈ နာရီက စတင်ကျင်းပခဲ့သည်။