ချမ်းအေးသာစံ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ် ပြိုင်ပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၀နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ပုံပါကျင်မြို့တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်‌‌ ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ဓါတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲ ကျင်းပ

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်‌နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရန် အလှူငွေများပေးအပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့် က နတ်မောက်မြို့ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရန် အလှူငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပုလဲဓာတ်မြေဩဇာအိတ်များ ဈေးနှုန်းချိုသာစွာဖြင့် ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမြို့နယ် ဦးစီးမှူးရုံးတွင် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစိုက်ပျိုးသော တောင်သူများအား ပုလဲဓာတ်မြေဩဇာအိတ် (၁၀၀၀)ကို ပဉ္စမအကြိမ်မြောက် ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းက ဖြန့်ဝေပေးခဲ့သည်။

မင်းလှမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုထောက်ခံခြင်း ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅‌)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုထောက်ခံခြင်း ဆိုင်းဘုတ်စိုက်ထူပွဲကို ဖေဖော်ဝါရီ(၁)ရက်နေ့ နံနက်(၁၀)နာရီက မင်းလှမြို့ဝင်တြိဂံလမ်းဆုံ‌၌ ကျင်းပပြုလုပ်ခဲ့ပြီး နေ့လယ်(၂)နာရီတွင် ပြည်တော်သာလမ်း၊ ဇေယျာသီရိစျေးထောင့်၌ ကျင်းပပြုလုပ်ခဲ့သည်။ 

နမ္မတူမြို့နယ်အတွင်း ဖွင့်လှစ်လျက်ရှိသည့် ဈေးအရောင်းဆိုင်များ၊ စက်ရုံအလုပ်ရုံများအား ကွင်းဆင်းစစ်ဆေး

နမ္မတူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်း ဖွင့်လှစ်လျက်ရှိသည့် ဈေးအရောင်းဆိုင်များ စက်ရုံအလုပ်ရုံများအား ကွင်းဆင်း စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၁ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက်ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်ပြပွဲ ကျင်းပ

နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်ကျင်းပရာ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ ပရဟိတ အသင်းအဖွဲ့များ တက်ရောက်အားပေးခဲ့သည်။

မြို့သစ်မြို့၊ စျေးရပ်ကွက်၊ ကျွန်းရွှေဝါလမ်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီး၍ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေ

မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့ဖွံ့ဖြိုးတိုး တက်လာစေရန်အတွက် မြို့တွင်း၊ ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများ ပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိရာ မြို့သစ်မြို့၊ စျေးရပ်ကွက်၊ ကျွန်းရွှေဝါလမ်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ဆောင်ရွက်ပြီးစီး‌နေပြီဖြစ်ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်မှုများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆူးလေကုန်းကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို ဇန်နဝါရီလ(၁)ရက်နေ့ ညနေ(၃)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်များသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။

မင်းလှ၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများကို ဖေဖေါ်ဝါရီ ၁ ရက်နေ့က ကျင်းပခဲ့သည်။
Subscribe to