ကျိုက်ဒုံ ဖေဖော်ဝါရီ ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် (အောက်တိုဘာလမှမတ်လအထိ) ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၄.၀၀၀)ကျပ် သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၂)ရပ်ကွက် စွယ်တော်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသည်။
အဆိုပါကွန်ကရစ်လမ်းသည် ပေအရှည်(၄၉၀)ပေ၊ အကျယ်(၁၂) ပေ(၆)လက်မထုရှိပြီး ပြည်သူများ ရာသီမရွေး အသုံးပြုသွားလာနိုင်စေရေးအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-(၂)ဦးဟန်ဝင်းချိုမှကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်