ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ  ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားနိုင်ရန်အတွက် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ (၁)ရက် နေ့နံနက် ၈ နာရီက စတင်ကျင်းပခဲ့သည်။

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများမှာ ပူဖောင်းပုတ်ပြိုင်ပွဲ၊ ကြိုးခုန်ပြိုင်ပွဲ၊ ခြေစုံပူးပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲများဖြစ်ကြပြီး ဝင်ရောက်ယှဉ်ပြိုင်သူပေါင်း (၁၃၈)ဦး ရှိပြီး ပြိုင်ပွဲ အသီးသီးတွင်ပထမ၊ဒုတိယ၊တတိယဆုရရှိသူများကိုလည်း အခြေခံပညာမူလ တန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းမြင့်မှ ပေးအပ်ချီးမြှင့်ခဲ့ကာ မုန့်ဟင်းခါး အလှူဒါနများလည်း ကျွေးမွေးခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း(ပြန်ဆက်)