ခင်ဦး ဖေဖော်ဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများမှ အသက် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ဖေဖော်ဝါရီလ ၁ ရက် နံနက် ၉ နာရီမှ စတင်၍ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးရာတွင် အသက် ၂ လပြည့်ပြီး အသက် ၂ နှစ်အောက် ကလေးငယ်များကို အသက်အရွယ် အလိုက် ဘီဂျီစီ၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်ရောင် အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်) ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော(ရိုတာ)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် မေးခိုင်နှင့် ဆုံဆို့နာရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
စိုးဝေအောင်