မိုးမောက်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ချစ်ကြည်ရေး ဘောလုံး ပြိုင်ပွဲကျင်းပ

မိုးမောက်    ဖေဖော်ဝါရီ    

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဖေဖော်ဝါရီ ရက် မွန်းလွဲ နာရီခွဲခန့်က မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ဘောလုံးကွင်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အထိမ်းအမှတ်အကြို ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲတွင် မြို့နယ်လက်ရွေးစင် အားကစားသမားများ ဖြစ်သည့် မိုးမောက် FC ဘောလုံးအသင်းနှင့် အလင်းကောင် FCဘောလုံးအသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင်ကစားခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများက မြို့နယ် လက်ရွေးစင် အားကစားသမားများအတွက် ဝတ်စုံဖိုးငွေ(၂၅၀၀၀၀)ကျပ် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)