သက်ကြီးဘိုးဘွား(၉၅၇)ဦးအား လူမှုရေးပင်စင်(၂၈၇)သိန်းကျော် ထောက်ပံ့ပေးအပ်

ကျောင်းကုန်း ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ)လအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နိုင်ငံတော်မှ ထောက်ပံ့ပေးနေမှုအပေါ်ရပ်ကွက်ကျေးရွာရှိ သက်ကြီး ဘိုးဘွားများ လက်ဝယ်အရောက် ပို့ပေးစေချင်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သက် ထားဦး က လူမှုရေးပင်စင် ပေးအပ်ရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ သက်ကြီးဘိုးဘွား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် မြို့ပေါ်(၅) ရပ်ကွက်ကျေးရွာ(၆၅) အုပ်စု တို့မှသက် ကြီးဘိုးဘွား (၉၅၇)ဦး အတွက်‌ငွေကျပ်(၂၈၇)သိန်းကျော်အား ‌ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)