မိုင်းငေါ့ ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ဖေဖော်ဝါရီလ ၂ ရကနေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖတ် ပရိတ်သတ်များအတွက် အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်