သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်အတွင်းရှိ ပရဟိတ အသင်းများသို့ စက်သုံးဆီလှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် အတူတက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များသို့ ဒုတိယအကြိမ် စက်သုံးဆီဖိုးထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် သာကေတ မြို့နယ်၊ ဇိနမာန်အောင် ဘုရားဝင်းအတွင်းရှိအောင်တော်မူဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရှူးမြို့အ-ထ-က ကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့်‌နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊​ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀နာရီခွဲ အချိန်ခန့်၌ မိုင်းရှူးမြို့ အခြေခံပညာအထက်တန်း ကျောင်း၊ခရေဆောင်ခန်းမတွင် ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်သတ်မှု လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား ရောင်စုံစက္ကူဖြင့် မီးပုံးပြုလုပ်ခြင်း သင်ကြားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမ၌ ယနေ့နံနက်၁၀နါရီအချိန်က ကျောင်းသား/ကျောင်းသူများအား ရောင်စုံစက္ကူများဖြင့် မီးပုံးပြုလုပ်နည်းအား သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်စာအုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်ကာ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ''လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့'' ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများ က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ် ဆောင်ရွက်ပေးခြင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့က အမှတ်(၂) ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။

ဆိပ်ဖြူမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ပိုစတာစိုက်ထူခြင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝန်းရှေ့နှင့် အသိပညာပေး လက်ကမ်းစာစောင်ကိုဗိုလ်ချုပ်လမ်းနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲများ ကျင်းပ

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် (၉)နာရီခွဲအချိန် က ကော့ကရိတ်မြို့ အမှတ် (၃)ရပ်ကွက်၊ မြို့မအားကစားကွင်းနှင့် မီးသတ်ဦးစီးဌာနရုံးရှေ့တို့တွင် ပြုလုပ် ခဲ့ကြကြောင်း သိရသည်။
Subscribe to