လက်ပံတန်းမြို့၌ (၇၅ )နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သင်ထောက်ကူ ပြပွဲ/ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

လက်ပံတန်း ဖေဖော်ဝါရီ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သင်ထောက်ကူ ပြပွဲ/ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ..က() လက်ပံတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်စန်းမြင့်က သင်ထောက်ကူ ပြပွဲ/ပြိုင်ပွဲကို  ကျောင်းသား၊ ကျောင်းသူအား ပညာသင်ကြားရာတွင် ပိုမိုပြည့်စုံသော သင်ထောက်ကူများကို တည်ဆောက်ပြီး၊ ပိုမိုထိရောက်သော သင်ကြားသင်ယူမှုများတည်ဆောက်ပြီး ပိုမိုထိရောက်သော သင်ကြားမှုကို ဖန်တီးနိုင်ရန်၊ သင်ထောက်ကူ ဖန်တီးခြင်း အတတ်ပညာ ဖလှယ်ခွင့်ရရှိစေရန် ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ပြပွဲပြိုင်ပွဲတွင် သင်ထောက်ကူပစ္စည်းများဖြစ်သော ကားချပ်၊မူပုံ၊Kid box နှင့်ပစ္စည်းအစစ်တို့ စသည့် သင်ထောက်ကူလေးမျိုးကို ခင်းကျင်းပြသယှဉ်ပြိုင်ခဲ့ကြပြီး၊ ပထမဆုကို ..က()၊ ဒုတိယဆုကို ..က()၊ တတိယဆုကို ..က()တို့မှရရှိပြီး နှစ်သိမ့်ဆုအဖြစ်၊ အ..ကခွဲ ထန်းပင်ကုန်းနှင့် ..က သာရဝေါ ကျောင်းတို့က ရရှိခဲ့ကြသည်။

ဆုရရှိကျောင်းများအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက် လာသူများက ပြသထားသော သင်ထောက်ကူ ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ဝင့်နန္ဒာဌေး