ရှမ်းရွာသစ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှအသက်(၂)နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်း စေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၂) နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်အဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီလ(၂)ရက်၊ နံနက်(၉) နာရီက ပြည်သာယာရပ်ကွက်၊ မြကျိုင်းတောင် ဘုရားဝင်းအတွင်း ဆောင်ရွက်ခဲ့ကြသည်။

ကဝမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ထောက်ခံပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ထောက်ခံပွဲကို ယမန်နေ့နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျင်းပခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန၌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီက ကျင်းပကြောင်းသိရသည် ။

မော်လမြိုင်မြို့တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ အောင်မြင်စေရေး ပညာပေးကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်သည် မြို့ပြနှင့်ကျေးလက် ဟန်ချက်ညီစွာဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အဓိကထား လုပ်ကိုင်သည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ ကိုဗစ်-၁၉ရောဂါကြောင့် သက်ရောက်မှုများ ပြန်လည်ကုစားနိုင်ကြစေရန်ရည်ရွယ်၍ ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်းက တောင်သူပညာပေးဆွေးနွေးပွဲကို မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ကမမောင်းမြို့တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က ကမမောင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗဟုသုတဉာဏ်စမ်း ပြိုင်ပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပခြင်းနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ကြသည့် သံဃာတော်နှင့် သီလရှင်များအား စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ကြသည့် သံဃာတော်နှင့် သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုတော်ငွေ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်ကို ဖေဖော်ဝါရီ(၁)ရက် နေ့လယ်ပိုင်းက မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။

တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အစားအစာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ဟိုခိုက်ကျေးရွာ Church ကျောင်းတွင် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူများအား လွိုင်လင်တပ်နယ်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ က ဆန် ၅ အိတ်၊ ဆီ၂၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၄ ဖာနှင့် ကလေးငယ်များအတွက် အာဟာရမုန့်များကို ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ(၂)နာရီက အဆိုပါ Church ကျောင်းတွင် သွားရောက်၍ ထောက်ပံ့ ပေးအပ်ခဲ့သည်။

မံစီမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ ကောင်ရာရပ်ကွက်ရှိ မန်ချက်စတာ(မြက်ခင်းတု) ဖူဆယ် ဘောလုံးအားကစားကွင်း၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီက စတင် ယှဉ်ပြိုင်ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to