မိုင်းခတ်၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်‌စု‌‌နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်‌စု‌‌နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၉၇၉)ဦးတို့အား ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ်၊   ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်  အဘိုးအဘွားများအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၃ ရက်နေ့က ရပ်ကွက်ကျေးရွာအုပ်စု စာရေးများမှ အိမ်တိုင်ရာ ရောက်ပေးအပ်ခဲ့ကြသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများ အား အဟာရဖြည့်စွက် အစားအစာများထောက်ပံ့၊ ဘားအံမွေးမြူရေး ဇုန်အားကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပြည်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင်များနှင့် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသော အမှတ်(၂)တပ်မတော် ဆေးရုံကုတင်(၁၀၀)သို့ ယမန်နေ့ နံနက် ၁၀ နာရီခန့်က သွားရောက်၍ ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြီး အဟာရ ဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် (၇၅)နှစ်‌မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လှုပ်လှုပ်ရှားရှားအားကစား ပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက   (၇၅)နှစ်‌မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လှုပ်လှုပ်ရှားရှား အားကစား ပြိုင်ပွဲများ ကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးနှင့် ပန်းခင်း စီမံချက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက် အမှာစကားပြောကြား

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

ဘီးလင်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် အ.ထ.က (ဘီးလင်း) ကျောင်း၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ဗဟန်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြို မူလတန်းကြို ကျောင်းပေါင်းစုံ ကာယစွမ်းရည် ပြိုင်ပွဲကျင်းပ

ဗဟန်းမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြို၊ မူလတန်းကြို ကျောင်းပေါင်းစုံ၊ ကာယစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင်၊ ဗဟန်းမြို့နယ် ရွှေတောင်ကြား(၁)ရပ်ကွက်၊ ကမ္ဘောဇလမ်း၊ အမှတ်(၂၂)ရှိ အမှတ်(၁) မူလတန်းကြို ကျောင်းတွင် ကျင်းပသည်။

ထန်းတပင်မြို့မဈေး၌ မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းက မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ထန်းတပင်မြို့မစျေးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီ ရေးဆွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community centre ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အလယ်တန်း အဆင့် စိတ်ကြိုက်ပန်းချီ ရေးဆွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to