မိုင်းခတ် ဖေဖေါ်ဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်နန်းနွယ်အောင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်(၂၃)ဦးတို့ သမိုင်းဝင်ပင်လုံစာချုပ်အား လက်မှတ်ရေးထိုးမှုကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိလာပုံအကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ကို အမှတ်ရစေရန်ရည်ရွယ်ကြောင်းပြောကြားကာ ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ တတိယတန်း ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအပြီးတွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)