ဘီးလင်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

ဘီးလင်း    ဖေဖော်ဝါရီ    ၅

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် အ.ထ.က (ဘီးလင်း) ကျောင်း၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၃၀ မှ အသက် ၁၂ နှစ်ပြည့်ပြီး ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ် တစ်ခါမှ မထိုးနှံရသေးသူများကို မြို့နယ်ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့မှ ပူပေါင်း၍ ကျန်းမာရေးဝန်ထမ်း ဆရာ၊ဆရာမများက ကျောင်းသား၊ကျောင်းသူ (၂၆၈) ဦးအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ထူးနောင် ဘီးလင်း (ပြန်/ဆက်)