လေးမျက်နှာမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များရွေးချယ်ဖွဲ့စည်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်သံဃနာယက အဖွဲ့ဝင် ဆရာတော်များရွေးချယ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂:၀၀)နာရီ အချိန်က အင်းဝဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရွေးချယ်ပွဲကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်များ၊  လေးမျက်နှာမြို့နယ် သံဃာဝန်ဆောင် အဖွဲ့ဝင်ဆရာတော်များ၊ ခရိုင်သာသနာရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲရင့်နောင်နှင့် အဖွဲ့ဝင်များ၊ လေးမျက်နှာမြို့နယ် သာသနာရေးမှူး ဦးကျော်မင်းဦးတို့ တက်ရောက်ခဲ့ကြသည်။

“(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြောင်းအသိပညာပေး” Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ဟင်္သာတခရိုင်ရုံး အဆောက်အဦးအသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟင်္သာတမြို့ ကနောင်စုရပ်ကွက် တိုက်ကျောင်းလမ်းရှိ ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ရုံးအဆောက်အဦသစ် ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။

ရေဖြူမြို့နယ်တွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ရေဖြူ(အနောက်ဈေး) ဈေးရုံနှစ်ခု တိုးချဲ့ ဆောက်လုပ်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ကကြီးကြပ်၍ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ရေဖြူ(အနောက်ဈေး) ဈေးရုံနှစ်ခု တိုးချဲ့ဆောက်လုပ် လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင် အရာရှိ ဦးဝင်းရွှေထံက သိရသည်။

ဂွမြို့တွင် ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအတွက် "ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိင်၊ ဂွမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအတွက် မိုးပန်းမွန် (ရာမည)၏ ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၃)နာရီက စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ဘားအံမြို့ အ.ထ.က(၁)ကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ အချိန်က ဘားအံမြို့ အ.ထ.က(၁) ၊ မြသံလွင်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်‌စု‌‌နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်‌စု‌‌နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၉၇၉)ဦးတို့အား ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ်၊   ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်  အဘိုးအဘွားများအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၃ ရက်နေ့က ရပ်ကွက်ကျေးရွာအုပ်စု စာရေးများမှ အိမ်တိုင်ရာ ရောက်ပေးအပ်ခဲ့ကြသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများ အား အဟာရဖြည့်စွက် အစားအစာများထောက်ပံ့၊ ဘားအံမွေးမြူရေး ဇုန်အားကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပြည်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင်များနှင့် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသော အမှတ်(၂)တပ်မတော် ဆေးရုံကုတင်(၁၀၀)သို့ ယမန်နေ့ နံနက် ၁၀ နာရီခန့်က သွားရောက်၍ ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြီး အဟာရ ဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် (၇၅)နှစ်‌မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လှုပ်လှုပ်ရှားရှားအားကစား ပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက   (၇၅)နှစ်‌မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လှုပ်လှုပ်ရှားရှား အားကစား ပြိုင်ပွဲများ ကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to