တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community centre ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အလယ်တန်း အဆင့် စိတ်ကြိုက်ပန်းချီ ရေးဆွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူက လေးငယ်များ ပန်းချီအနုပညာများ ရင်းနှီးမှုရှိစေရန်၊ အရောင်များ ရွေးချယ်တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် ပြည်ထောင်စုနေ့ကို အမှတ်ရစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပညာရေးဌာန၊ မြို့မိမြို့ဖတို့ ပူးပေါင်း၍ အ. လ. က (၅)မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်ချီး ရေးဆွဲပြိုင်ပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများ အသီးသီးချီးမြှင့်ပေးခဲ့ပြီး အမှတ်(၁၀)ရပ်ကွက် မြို့မိမြို့ဖ ဦးမြင့်ဆန်းမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကျောင်းဝတ်စုံအင်္ကျီများ လက်ဆောင် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြန်/ဆက် ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့မိမြိုဖတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း