အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၉၇၉)ဦးတို့အား ထောက်ပံ့ငွေပေးအပ်

ချောင်းဆုံ  ဖေဖော်ဝါရီ   ၅

မွန်ပြည်နယ်၊   ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်  အဘိုးအဘွားများအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၃ ရက်နေ့က ရပ်ကွက်ကျေးရွာအုပ်စု စာရေးများမှ အိမ်တိုင်ရာ ရောက်ပေးအပ်ခဲ့ကြသည်။


အဆိုပါ ထောက်ပံ့ငွေများကို  အသက်(၈၅)နှစ်နှင့်အထက်  ဘိုးဘွား(၉၇၉) ဦးတို့အတွက်  တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)ကျပ်နှုန်းဖြင့်  ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် (၂၉၃၇၀၀၀၀)အား သက်ဆိုင်ရာ ရပ်/ ကျေး  အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အဘိုးအဘွားများ ၏  လက်ဝယ်အရောက် သွားရောက်  ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)