လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေဘိုမြို့တွင်း အထူးသန့်ရှင်းရေး စုပေါင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်၊ ပေါ်ဦးလမ်း၊ တံတားနက်အနီးတွင် ယနေ့ နံနက ၇ နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွှေဘိုမြို့တွင်း အထူးသန့်ရှင်းရေး စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စု ထန်းတပင်-မဲသပုံ ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးလွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထန်းတပင်ကျေးရွာအုပ်စု ထန်းတပင်-မဲသပုံ ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘောဂလိမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး  အသိပေးနှိုး‌ဆော်ချက်များ လိုက်လံနှိုးဆော်ခြင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူ လူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့အတွင်းရှိ မိဘပြည်သူများအား  သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ် ရေးလမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့် လည် နှိုးဆော်ခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနမှ တမူးမြို့နယ်အတွင်းရှိ ကိုဗစ်ရောဂါကာလအတွင်း ဆွမ်းဆန်စိမ်းခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆန်၊ ဆီ၊ ဆားနှင့် ပဲများ ထောက်ပံ့လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာများအလိုက် စာသင်တိုက်များ၊ ဘုန်းတော်ကြီး​ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆန်၊ ဆီ၊ ဆားနှင့် ပဲများထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌဖလား အမျိုးသားသုံးဦး တွဲဖိတ်ခေါ်(အလွတ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဖလား အမျိုးသားသုံးဦး တွဲဖိတ်ခေါ် (အလွတ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့နယ် အားကစားခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့အား Green City , Clean City ဖြစ်စေရေး ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အား Green City, Clean City ဖြစ်စေရန်အတွက် မြို့ဝင် မြို့ထွက်လမ်းမကြီးများတစ်‌လျှောက် သန့်ရှင်းသာယာလှပစေရန်၊ ပြည်သူများ စည်းကမ်းလိုက်နာ လိုက်နာကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့်ပစ်ခြင်း မရှိစေရန် အသိပညာပေးသည့် အ‌နေဖြင့် သန့်ရှင်းရေး‌ဆောင်ရွက်ခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက် ၇ နာရီ၃၀ တွင် ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

အုတ်ဖိုမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အုတ်ဖိုမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ပထမအကြိမ်မြောက် ကျိုက်ထိုမြို့လုံးဆိုင်ရာ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲ ကျင်းပ

ကျိုက်ထိုမြို့နယ်၌ ပထမအကြိမ်မြောက် ကျိုက်ထိုမြို့လုံးဆိုင်ရာ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်သိမ်းအောင်ပွဲကို ယမန် နေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။

ပြည်တက္ကသိုလ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်

ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျင်းပပြုလုပ်သော စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ တက္ကသိုလ်ခန်းမဆောင်၌ ကျင်းပခဲ့သည်။
Subscribe to