မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်(၈)နာရီက အုတ်ရှစ်ကုန်း ကျေးရွာအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာတွင် မြို့နယ်ဦးစီးမှူး ဦးတင်အောင်ကျော် ကြီးကြပ်၍ လဝကမှူး ဦးသီဟထွန်း ဦးဆောင်သော ဝန်ထမ်း(၄)ဦးဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အိမ်ထောင်စု လူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ အုတ်ရှစ်ကုန်းကျေးရွာရှိ နိုင် ၃(က)ဆောင်ရွက်သူ(၂၅)ဦး၊ နိုင်၆ (က) ဆောင်ရွက်သူ (၅၂)ဦး နှင့် လဲလှယ်/မိတ္တူ ဆောင်ရွက်သူ(၂)ဦး ၊ စုစုပေါင်း(၇၉)ဦးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် အဆိုပါကွင်းဆင်း ဆောင်ရွက်မှုတွင် ရွှေပျိုးခင်း ပရဟိတအသင်းမှ လူငယ်မောင်မယ်များက ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။